လျှပ်စစ်အန္တရာယ်အကြောင်းသိကောင်းစရာ အသိပေးပညာပြန့်ပွားရေးဟောပြောပွဲနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများပြုလုပ်

မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ သရက်ပင်ကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် (၁၉.၅.၂၀၁၉)ရက်နေ့တွင် မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ လျှပ်စစ်အန္တရာယ်အကြောင်းသိကောင်းစရာ အသိပေးပညာပြန့်ပွားရေးဟောပြောပွဲနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။